Friday, November 28, 2008

မျော

တကယ်တော့ ပေးလို့  လဲမရ.....
ကျွေးလို့ လဲ မ၀ နိုင်ဘူး.....
သေချာတွေးကြည့်မှ....
သုံညတောင်...ရှိမရှိ မသေချာဘူး....
ကဲ ..သေချာလား...မင်းမှာ အနာဂတ်တွေရှိတာ....

နေတတ်ပါစေ

နေတတ်ပါစေ.....
ဘာမှဝမ်းမနဲ နဲ့  ....
လောကမှာ ပန်းတိုင်းပွင့်ရင်
နေရထိုင်ရ...ခက်မှာပေါ့ ။

Sunday, November 9, 2008

အဖြူရောင်ညီမျှချင်း

လိုအပ်မယ်ထင်လို့ 
ရှိစုမဲ့စုလေးထဲက
ဖဲ့ဖဲ့ပေး ခဲ့ရတာ………။
တစ်ခုခုတော့ပြန်ပေးပါ…
ငါတောင်းတာ….
ကွမ်းတစ်ယာ၊ရေတစ်မှုတ်မဟုတ်
မင်းသမီးတော်ရဲ့ ပန်းကုန်း…………မဟုတ်
ပလေတိုးနစ်…………….မဟုတ်
ခံစားချက်ကဗျာ……..မဟုတ်
………………………မဟုတ်။
တခုခုတော့ပေးခဲ့ပါ….
ဘောင်ခတ်ထားတဲ့ နေ့ တွေကို မကြောက်ဘူး
မတုန်လှုပ်ဘူး ၊ ဝမ်းမနည်းဘူး……….။
လိုလဲမလိုချင်ဘူး၊ခံပြင်းတယ်………။
တခုခုတော့ပေးပါ…
ယုံကြည်မှု…
နားလည်မှု….
ပွင့်လင်းမှု….
တစ်ခုခုပေါ့ …………………။
ဪ….ကျေးဇူးပြုပြီး
အရောင်မဆိုးပါနဲ အဖြူပဲလိုချင်တယ်
အဖြူပဲပေးပါ။….။