Sunday, January 4, 2009

Google Talk chatback badge

Gtalk လဲသုံး ၊ blog လဲရေး၊ gmail,website လဲ အလွတ်မပေး သုံးစွဲနေ ကြတဲ့  ကျွန်တော့ တို့ လို အစုံစား သတ္တ၀ါတွေအတွက် google chatback badge ကသုံးကြည့်သင့်ပါတယ်။သူကတော့ သင့်ဘလော့ဝင်ကြည့်နေတဲ့လူက သင့်ဘလော့ပေါ်ကနေ သင့်ဆီ လှမ်းခေါ်ပြီး chat နိုင်တဲ့ badge တစ်ခုပါ။အခြား သင့် website တွေမှာလဲသုံးနိုင်ပါတယ်။
ပထမဆုံး အောက် ပါ လင့် ကို သုံးပြီး Create a Google Talk chatback badge ပေ့ခ်ျကိုဝင်လိုက်ပါ။

http://www.google.com/talk/service/badge/New


စာမျက်နှာအောက်ဆုံးမှာတွေ့  ရတဲ့ HTML code တွေကို ကော်ပီကူးပြီး သင့်ဘလော့မှာ post တင်လိုက်ရင် ရပါပြီ။အခြား website တွေမှာတော့ ကန့် သတ်ချက်တွေရှိပါတယ်။
ဘာတွေဖော်ပြချင်တယ်၊ဘယ်လိုပုံစံတင်ချင်တယ် ဆိုတာတော့ အဲဒီ ပေ့ခ်ျပေါ်မှာပဲ edit လုပ်နိုင်ပါတယ်။

No comments: