Sunday, December 21, 2008

မျှော်လင့်ချက်


ကယ်တမ်း ရေနစ်တော့

ဆွဲယူစရာကောက်ရိုးတစ်မျှင်တောင် မရှိဘူး

ငါဘယ်လောက်ထိ မျောနေမလဲ

ဒါမှမဟုတ် မျှောနေနိုင်မလဲ။


ငါရှူသွင်းထားတဲ့ အောက်ဆီဂျင်

ပြန်မထုတ်ရဲဘူး

နောက်တစ်ခါ ရှူသွင်းဖို့ ထိလဲ

မစွန့် စားရဲဘူး။


အောက်ဆီဂျင်

နင်ကရော ငါ့ ခန္ဓာ ကိုယ်ထဲ

ဘယ်အထိ စွမ်းနိုင်မလဲ။

ပင်ပန်းနေပြီ

နောက်ဆုံးဝင်သက်လား

နောက်ဆုံးထွက်သက်လား

မသိဘူး

မတွေးရဲဘူး…။


ဆက်ရှင်သန်နိုင်ဖို့ 

အားရှိသလောက်

ရုန်းကန်ရဦးမယ်။

ကျဆုံးခဲ့တယ်ဆိုလဲမရှင်းပြပါရစေနဲ့ ။

No comments: