Friday, January 9, 2009

Web Site များကို Block လုပ်ခြင်း

















Web Site များကို Block လုပ်ခြင်း
Internet explorer သုံးတဲ့အခါမှာ web site အချို့ ကို (ဒါမှမဟုတ်) အားလုံးကို block လုပ်ထားချင်တဲ့အခါမှာ ဒီနည်းလေးက အသုံးဝင်ပါလိမ့်မယ်။
Internet Explorer ကိုဖွင့်ပါ။ Internet Explorer>Tool>Internet Option>Connection>Lan setting ကိုအဆင့်ဆင့်ဝင်ပါ။ထို့ နောက် Use a proxy server for your Lan ကို check လုပ်ပါ။
ထို့ နောက်‌ advance ကိုနှိပ်ပါ။ proxy setting dialog box ပေါ်လာပါမည်။

HTTP: တွင် nowhere ကဲ့သို့ သောInternet addressတကယ်မရှိနိုင်သည့်စာလုံးအချို့ ရိုက်ထည့်ပါ။ အဲဒီလိုရိုက်ထည့်လိုက်တာဟာ Internet Explorer ကိုတကယ်မရှိတဲ့ proxy server ကိုသုံးခိုင်းလိုက်တာပါ။ ဤသို့ ပြုလုပ်ခြင်းဖြင့် Internet Explorer သည်‌မည်‌သည့်‌ site ကိုမျှ ဖွင့်ပေးနိုင်မည် မဟုတ်ပါ။
ထို့ နောက်‌ Use the same proxy server for all protocols ကို check လုပ်ခြင်းဖြင့် web site ကိုသာမက FTP ( file transfer protocols) ကဲ့သို့ သောအခြား services များကိုပါ ချိတ်ဆက်မရအောင် ဟန့် တားထား နိုင်ပြီဖြစ်ပါတယ်။
ထို့ အပြင် သင်ဆက်သွယ်ခွင့် ပြုချင်သည့် အချို့ web site များကိုဘယ်လို ခွင့်ပြုပေးရမလဲဆိုတာ ဖေါ်ပြပါမယ်။
Expection ခေါင်းစဉ်ခွဲအောက်မှ Do not use proxy sever for addresses beginning with: box ထဲတွင် မိမိချိတ်ဆက်လိုသော web addresses များကို ရိုက်ထည့်ပါ။
ဥပမာ။ ။ပုံတွင်ပြထားသည့်အတိုင်း http://www.yahoo.com;www.oreilly.com...စသည်တို့ အား expections box တွင်ရိုက်ထည့်ထားပါက ယင်းweb site များမှအပ ကျန်web site များကိုဆက်သွယ်ခွင့်
ပြုမည်မဟုတ်ပါ။ ။
.xxxxxxxxxxxxxxx .xxxxxxxxxxxxxxxx .xxxxxxxxxxxxxxxxxx
အင်တာနက် ဆာဗာနှင့် တိုက်ရိုက်ဆက်ခွင့် မရသော LAN ကွန်ယက်များတွင်မူ ဤနည်းနှင့် ပြောင်းပြန် ဖြစ်ပါလိမ့်မည်။ ။ထိုအခါတွင် http: တွင် ဆာဗာ IP ကိုအသုံးပြုရပြီး၊ Expections တွင် မိမိ မချိတ်ဆက်လိုသော web site များကိုထည့်သွင်းရပါမည်။ ။
ပျော်ရွှင်ပါစေ…………………………………………. http://nanyaaung.blogspot.com/
မှတ်ချက်။ ။ ပိုမို လုံခြုံ ၊စိတ်ချရသောနည်းလမ်းတစ်ခု ထပ်ဖော်ပြပါဦးမည်။

No comments: