Wednesday, December 10, 2008

လွမ်းနေပါတယ်

လွမ်းနေပါတယ်

တခါတလေ နှုတ်ခမ်းတွေခြောက်ကပ်

အက်ကွဲကွဲ စကားတွေ

မျှဝေလို့  မပေးကောင်းတာကြောင့်

ဘာမှမတောင်းလိုက်ရဘူး။ ။တိတ်တိတ်ပဲငိုမှာ

တကယ်လို့ ......

ငါ့ ခြေလှမ်းတွေကြောင့်

နင့်ဝန်းကျင်မှာ

သံစဉ်တွေခြောက်ကပ်

နှလုံးအိမ်က

အရင်လို ကဗျာတွေ ထွက်ကျမလာနိုင်တော့ဘူးဆိုရ င်....

တောင်းပန်ပါတယ်.ညီမလေးရယ်

ငါ...

တိတ်ဆိတ်ခြောက်ကပ်

နင်ဆောက်တဲ့ အကျဉ်းခန်းထဲမှာ

အလွမ်းတွေခြုံပြီး

လုံအောင်နေရမှာ ပေါ့ ။ ။

ဘယ်လိုဖြစ်ဖြစ်ပါ...

နင်မလိုတာတွေ ကြက်ခြေခတ် လဲ

ကျန်နေ မဲ့ အလွမ်း။ ။

နင်ဘာမျှ မထားခဲ့လဲ

ကျန်နေမဲ. အလွမ်း။ ။

အားလုံးတော့ နင်ဆွဲမထုတ်နိုင်ပါဘူး။ ။

No comments: