Wednesday, December 31, 2008

၂၀၊၁၀၊၉၆ မှတ်တမ်းတစ်ခု

နှလုံးသားမှ၊ ချစ်ခွင့်ရ၍

ဤမှ စ ကာ၊ ချစ်ခဲ့ရာဝယ်

ရင်မှာချိုမြိန်၊ ကြင်နာချိန်‌၌

ပျော်လိုက်ရသည်

နာရီစက်မောင်း၊ ရာသီပြောင်းလျှင်

ရှင်သခင်အား၊ ဆုံးရှုံးသွားမည်

တွေးကြောက်သည်မို့ ၊ “ ဒို့ " စိုးထိတ်လျက်

အတွေးခက်များဆန်းလှ၏။

အပြုံးကြားမှ၊ နှမအကို

ချစ်သူလိုသာ၊ ဆက်ဆံလာခဲ့

ချစ်လာခဲ့လဲ၊ တစ်ဖဲ့တစ်ခြမ်း

အသဲနန်းမှာ၊ ကြမ်းတမ်းရိုင်းဆိုင်း

အမုန်းမှိုင်းတို့ ၊ ၀င်ရောက်လို့ သာ

နှောက်မွှေလာလျှင်၊ ဝေးမည်ထင်လျက်

အဆွေးရက်များ တမ်းတမိ။

No comments: