Thursday, December 18, 2008

ပိုင်‌



ဒီဥယာဉ်ထဲ

စိုက်ပျိုးခဲ့မိတယ်

တကယ် လိုချင်တာ

တကယ်မျှော်လင့် တာ

တကယ်တောင့်တတာတွေ။ ။

သီးပွင်လာမယ့်မလိုလားမှုတွေ……

ရှင်သန်လာမယ့် ခါးသီးမှုတွေ …..

မစဉ်းစားထားခဲ့ တာအပြစ်လား။ ။

ကြည့်လေ

ကိုယ်က အရိပ်တကြည့်ကြည့်

ဒါပေမယ့်

အပင်လေးက နေရောင်ခြည် ကိုမော်ဖူးတယ်။

“နေရာရွှေ့ ပေးပါ

လောင်းရိပ်ကျနေလို့ ”တဲ့………

ရတယ်……

ခနတော့ နေပါဦး..

ရေလောင်းတဲ့“လက်”တွေက

“ပေါင်း”ရှင်းရဦးမယ်။

No comments: